Desktop Envrionment (DE)
Desktop Envrionment (DE) ဆိုတာ Computer စဖွင့်ဖွင့်ချင်း မြင်တွေ့ရတဲ့ Screen, Style နဲ့ app တွေလို့ အကြမ်းဖျဥ်းဆိုလိုပါတယ်။ Window မှာ ဆိုရင် Start Menu, Task Bar, Internet Explorer စသည်တို့ ဖြစ်ပါတယ်။
Ubuntu Desktop Environment မှာ
  • Desktop Icon
  • Launcer Menu
  • Notification Area
  • File Manager 
  • Text Editor
  • Web Browser စသည်တို့ပါဝင်ပါတယ်။
Linux မှာ DE တစ်ခုထက်မက ရှိပါတယ်။ Gnome, KDE, Fluxbox စသဖြင့်...

Ubuntu Unity Launcher 
Ubuntu က Desktop Environment အဖြစ် Gnomen 3 (နုန်း လို့ အသံထွက်တယ်) ကို အသုံးပြုပါတယ်။ Desktop Shell အဖြစ် Unity ကို အသုံးပြုပါတယ်။  (Unity is a graphical shell for GNOME Desktop Environment.)

Screen ရဲ့ ဘယ်ဘက်မှာ icon တွေဖော်ပြထားတဲ့ ဘားတန်းကို - Luancher Bar
Screen ရဲ့ အပေါ်ဆုံး ဘားတန်းကို - Global Menu Bar လို့ခေါ်ပါတယ်။

- လက်ရှိအသုံးပြုနေတဲ့ application ရဲ့ Menu ကို Global Menu Bar မှာ ဖော်ပြပါတယ်.
- Application တစ်ခုကို Laucher Bar မှာ Shortcut အနေနဲ့ ပေါ်စေချင်ရင် Icon ကို Right Click နှိပ်ပြီး..

  • Add to Favourite လုပ်ပါ။
  • ဖြုတ်ချင်ရင် Remove from Favourite ပြုလုပ်ပါ။


Shiney J