Windows
ပရိုဂရမ်များကို
Ubuntu တွင်
ထည့်သွင်း အသုံးပြုခြင်း
(အခန်း
၁၂) 12 Jan 2020 p-238
ဘယ်လို
ပရိုဂရမ်က Ubuntu တွင်
သုံးလို့ရပါသလဲ?
-
သုံးနေကျ Windows ပရိုဂရမ်က Java နည်းပညာသုံးထားရင် Windows မှာ သုံးလို့ရသလို Ubuntu မှာလည်း အသုံးပြုလို့ရပါတယ်။ (Ubuntu မှာ Java Run-time ကို ထည့်သွင်းထားဖို့ လိုအပ်ပါတယ်)
-
တစ်ချို့ ပရိုဂရမ်တွေက Windows Version, Linux Version, Mac Version ဆိုပြီး အမျိုးမျိုးရှိရင်လည်း သုံးလို့ရပါတယ်။
-
နည်းပညာဆင်တူ ပရိုဂရမ်ကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ (e.g. Microsoft Office အစား LibreOffice ကို အစားထိုး အသုံပြုခြင်း)
-
VirtualBox နဲ့ Guest Windows OS ကနေ Windows ပရိုဂရမ်ကို တိုက်ရိုက်အသုံးပြုခြင်း။
အထက်ပါနည်းတွေ
အဆင်မပြေရင် WINE နည်းပညာသုံး
ပရိုဂရမ်ကို အသုံးပြုနိုင်ပါတယ်။
WINE
WINE ဆိုတာ
Windows ပရိုဂရမ်တွေကို
Ubuntu မှာသုံးနိုင်အောင်
ကြားခံဆောင်ရွက်ပေးတဲ့နည်းပညာပါ။
PlayOnLinux
Windows
ပရိုဂရမ်တွေကို
Install လုပ်ရလွယ်ကူအောင်
ဆောင်ရွက်ပေးတဲ့ Software
Center ပရိုဂရမ်မျိုးဖြစ်ပါတယ်။
**PlayOnLinux က
WINE နည်းပညာကို
အခြေခံထားတာ ဖြစ်တဲ့အတွက်
PlayOnLinux ကို
Install လုပ်ရင်
WINE ပါ
တစ်ခါတည်း ပါဝင်ပြီးဖြစ်ပါတယ်။
Install
PlayOnLinux
Install ပြီးရင် xterm ကို install လုပ်ပါ
sudo apt-get install xterm unrar-free p7zip-full
Install ပြီးရင် xterm ကို install လုပ်ပါ
sudo apt-get install xterm unrar-free p7zip-full
-
PlayOnLinux ကို Install လုပ်ပြီးရင် Windows မှာ အသုံးပြုတဲ့ .exe ဖိုင်တွေကို Install လုပ်ပြီး အသုံးပြုနိုင်ပါပြီ။ (.exe ဖိုင်ကို Right-Click နှိပ်၊ Open with Other Application ကို နှိပ်ကာ PlayOnLinux နဲ့ ဖွင့်ပြီး Install လုပ်နိုင်ပါပြီ)
-
အသင့်စုစည်းထားတဲ့ Windows ပရိုဂရမ်တွေကို PlayOnLinux ကနေရှာဖွေပြီး၊ Install လုပ်ကာ အသုံးပြုနိုင်ပါတယ်။
- e.g. Microsoft Office
- Adobe Photoshop တို့ကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။
ပရိုဂရမ်ကို
installလုပ်ခြင်း
PlayOnLinux ကို
Dash မှ
တစ်ဆင့် ရှာကာ ဖွင့်ပါ။
Install a Progam Settings ကိုနှိပ်ပါ။
Download ရလိုသည့်
ဆော့ဝဲကို ရှာဖွေကာ ရွေးပေးပါ။
Next ကို
နှိပ်ပါ။ Download the Program ရွေးပြီး
Download လုပ်ပါ။
ပြီးရင် Install လုပ်ပါ။
ပရိုဂရမ်ကို
အသုံးပြုခြင်း
PlayOnLinux ထဲက
Download လုပ်ပြီးသား
ပရိုဂရမ်ကို ရွေးကာ Run
နှိပ်ခြင်းဖြင့်
အသုံးပြုနိုင်ပါပြီ။
Shiney J

0 Comments