30 Dec 19 ygn
git init
git status
git add . or git add filename
git commit -m "your comment"
git log or git log --pretty=oneline
git checkout versionkey
git checkout master
git tag versionName
git branch
git branch name
git merge branchfilename
- Initializing a Repository - ရိုးရိုး File Type မှ Git file type ပြောင်းခြင်း or Git Repository ဖြစ်အောင်ပြောင်းလဲခြင်း
(Git Repository - data ထိန်းသိမ်းသိုလှောင်သည့်နေရာ)
git init
(ဒါဆိုရင် init လုပ်လိုက်သော ဖိုင်တွင် Show Hidden Files ဖြင့် ကြည့်ပါက . Git ဖိုင်ကို တွေ့ရမည်)
-Repository ရဲ့ လက်ရှိ အခြေအနေအရပ်ရပ် ကြည့်ရှုခြင်း
git status
-Untracked files တွေ့ပါက အဆိုပါ File ကို မှတ်တမ်းတင်မည့် Index စာရင်းထဲ ထည့်သွင်းအဆိုပြုခြင်း
git add . ဖြင့် Track လုပ်ပြီး၊ index ထဲထဲသို့ ပြောင်းရန်
git add . (တွေ့ရှိသမျှ untracked files အားလုံးကို indexထဲသို့ ထည့်သွင်းအဆိုပြုသည်)
Or
git add filename (သီးသန့် untracked files တစ်ခုကိုသာ index ထဲသို့ ထည့်သွင်းအဆိုပြုသည်)
e.g git add index.html
*Untracked files သည် မှတ်တမ်းတင်မည့် index ထဲသို့ မထည့်သွင်းရသေးသော ဖိုင်အမျိုးအစားဖြစ်သည်။ ထို့ကြောင့် git add . ဖြင့် Track လုပ်ကာ index ထဲထည့်ပေးရသည်။
-git status ဖြင့် ပြန်ကြည့်ပါက Changes to be committed: ကို တွေ့ရမည်။
Changes to be committed: ==> version အဖြစ် မှတ်တမ်းတင်ဖို့ ဖိုင်အသစ်တွေရှိနေပါပြီ။
- Version သစ်အဖြစ် မှတ်တမ်းတင်ခြင်း
git commit -m "your comment" (you can anything you want to comment between Open & Closed Commas)
e.g git commit -m "first comment"
-မှတ်တမ်းတင်ထားသည့် Version အဆင့်ဆင့်၏ History ကို ပြန်ကြည့်ခြင်း
git log (full changes ကို ကြည့်ခြင်း)
git log --pretty=oneline (ရိုးရှင်းသည့် history ကို ကြည့်ခြင်း)
Version အဆင့်ဆင့်မြင့်တွေရပုံ
717ccb765fc40ee9d5619eb597e7fc6b66d8d3d0 second comment
29d671f95a19e5107eea58ebd16a8efb5cd1a61f first comment
အရှေ့စာလုံးများကို Commit Hash ဟုခေါ်ပြီး သူတို့သည် Version ID ပင်ဖြစ်သည်။ အနောက် စာသားသည် မှတ်ချက် (Comment) ဖြစ်သည်။
-ပထမဆုံး Version ကိုသာ ပြန်ကြည့်ခြင်း
git checkout key (Key- git log ဖြင့် ကြည့်ရှုထားသည့် Version အဆင့်ဆင့်မှ Key ကို ဆိုလိုသည်)
e.g. git checkout 29d671f95a19e5107eea58ebd16a8efb5cd1a6
-နောက်ဆုံး Updated Version ကို ကြည့်ခြင်း
git checkout master
-မှတ်တမ်းတင်ထားသည် Version ကို မိမိနှစ်သက်ရာအမည်ပေးခြင်း
git tag versionName (you can write what you want)
e.g. git tag 0.1.0
__________________________________________________________
Master Page (Main Code Page) မှ Branch ခွဲထုတ်ခြင်း
(Branch တွင် ပြင်ဆင်သမျှသည့် Master Page ကို ထိခိုက်မှုမရှိပါ။ Branch တွင် ပြင်ဆင် ဖြည့်စွက်ပြီးမှ master page ထဲသို့ ထည့်သွင်းနိုင်သည်)
Branch ဖန်တီးခြင်း/ခွဲထုတ်ခြင်း
git branch name
e.g git branch shinehtet
Branch ဖိုင်သို့ သွားရန်
git checkout filename
e.g. git checkout shinehtet
Master page and Branch အားလုံးကို ကြည့်ရှုခြင်း
git branch
Branch ရှိ ပြင်ဆင်ပြီး code များကို Master သို့ ပေါင်းထည့်ခြင်း
git checkout master (master file သို့ အရင်သွားပါ)
git merge branchfilename (branch ရှိ code များကို master file ထဲသို့ ပေါင်းထည့်မည်)
e.g. git merge shinehtet
For more details: Read Rockstar Developer by Ei Maung အခန်း (၅) – Version Control System
Fournder of Fairway School of Technology : https://web.facebook.com/fairway.technology/?_rdc=1&_rdr
Source:
Tutorial by Ei Maung

0 Comments