Directory Structure
(Directory များ၏
ဖွဲ့စည်းပုံနှင့် File
များ
သိမ်းဆည်းပုံ)
Directory: Ubuntu
မှာ အကြမ်းဖျဉ်းအားဖြင့် File
တွေတည်ရှိတဲ့
ဌာနကို Directory လို့
ခေါ်ပါတယ်။ Directory တွေက
Slash သင်္ကေတနဲ့
စပါတယ်။ e.g. /Home : Home Directory
လို့ခေါ်ပါတယ်။
Drive: Hard drive,
CD drive, USB drive စသဖြင့်။
ဒီ drive တွေကို
device လို့လည်း
ခေါ်ပါတယ်။
Nautilus File
Manager: Ubuntu မှာ
File နဲ့
Directory တွေကို
စီမံဖို့ အံဆွဲပုံ Nautilus
File Manager ကို
သုံးပါတယ်။ Nautilus File Manager
ထဲမှာ Home
Directory နဲ့
Root File System Directory တွေထားရှိတဲ့
computer စတာတွေရှိပါတယ်။
Root File System
Directory များ
Root File System
Directory များသည်
File Manager ရှိ
Computer တွင်
ရှိသည်။ e.g. File Manager>Computer
**slash ဖြင့်စသည့်
ဖိုင်များကို Directory
ဟုခေါ်သည်။
Computerအတွင်းရှိ
Root File System Directory များ
/home: User အသုံးပြုသူ သိမ်းဆည်းထားတဲ့ File တွေ
ထားရှိရာ Directory ဖြစ်ပါတယ်။
/usr : User
အသုံးပြုသူ
Install လုပ်ထားတဲ့
Program တွေကို
သိမ်းဆည်းတဲ့ Directory
ဖြစ်ပါတယ်။
/bin: OSအတွက်
မရှိမဖြစ်လိုအပ်တဲ့ Command
တွေရဲ့
Binary တွေထားရှိတဲ့
Directory ဖြစ်ပါတယ်။
(bin – binary ရဲ့
အတိုကောက်ပါ။ Program တွေမှာ
Source နဲ့
Binary ဆိုပြီး
၂မျိုးရှိပါတယ်။ Source က
မူရင်း Code ဖြစ်ပြီး၊
Binary က
Code ကို
Program အဖြစ်ပြောင်းလဲထားတဲ့
ရလဒ်ပါ။
/sbin: OSအတွက်
မရှိမဖြစ်လိုအပ်တဲ့ Binary
ဖိုင်တွေ ထားရှိတဲ့
Directory ဖြစ်ပါတယ်။
/dev: ကွန်ပျူတာမှာ
တပ်ဆင်ထားတဲ့ Hardware devices
တွေ
သိမ်းဆည်းတဲ့ Directory
ဖြစ်ပါတယ်။
/media: CD, USB
ကဲ့သို့
Devices တွေကို
သိမ်းဆည်းတဲ့ Directory
ဖြစ်ပါတယ်။
Home Directory,
Nautilus File
Manager ကို
ဖွင့်ရင် ပထမဆုံးတွေရမှာက
Home Directory ဖြစ်ပါတယ်။
User အသုံးပြုရဲ့
File တွေ
သိမ်းဆည်းတဲ့ Directory
ဖြစ်ပါတယ်။
(အသုံးပြုသူရဲ့
File တွေကို
အခြား Directory မှာ
သိမ်းဆည်းလို့မရပါဘူး)။ e.g. အသုံးပြုသူက james ဆိုရင်
/home/james ဆိုတဲ့
directory မှာပဲ
သိမ်းပါတယ်။
Home Directory ထဲမှာ အသင့်ဆောက်ထားတဲ့ Desktop, Download, Documents, Music, Pictures, Video စတဲ့ Folder တွေပါဝင်ပါတယ်။
Ctrl + L :
Directory Location ကို
ကြည့်ချင်ရင် => e.g.
/home/shinehtetlinn
Ctrl
+ H : Show Hidden Files
*Linux
မှာ
File တွေကို
Dot နဲ့
စပြီး နာမည်ပေးရင် အလိုအလျောက်
Hidden File
ဖြစ်ပါတယ်။
Super
User တစ်ယောက်အနေဖြင့်
စီမံခန့်ခွဲခြင်း (Sudo
Command)
Sudo
: Super User
Root
File System တွေကို
သာမန် user
က
စီမံခန့်ခွဲလို့ မရပါဘူး။
Super User ကသာ
စီမံခန့်ခွဲလို့ရပါတယ်။
Super User
အနေနဲ့
စီမံချင်ရင် Terminal
ကနေတစ်ဆင့်
OS ကို
အမိန့်ပေးရပါတယ်။
e.g.
sudo nauutilus
Nautilus
File Manager ကို
သာမန် user
အနေဖြင့်
မဟုတ်ဘဲ၊ Super
User အနေဖြင့်
အသုံးပြုခြင်း။
Shiney J
Source: Sayar Ei Maung

0 Comments