Directory Structure (Directory များ၏ ဖွဲ့စည်းပုံနှင့် File များ သိမ်းဆည်းပုံ)

Directory: Ubuntu မှာ အကြမ်းဖျဉ်းအားဖြင့် File တွေတည်ရှိတဲ့ ဌာနကို Directory လို့ ခေါ်ပါတယ်။ Directory တွေက Slash သင်္ကေတနဲ့ စပါတယ်။ e.g. /Home : Home Directory လို့ခေါ်ပါတယ်။

Drive: Hard drive, CD drive, USB drive စသဖြင့်။ ဒီ drive တွေကို device လို့လည်း ခေါ်ပါတယ်။

Nautilus File Manager: Ubuntu မှာ File နဲ့ Directory တွေကို စီမံဖို့ အံဆွဲပုံ Nautilus File Manager ကို သုံးပါတယ်။ Nautilus File Manager ထဲမှာ Home Directory နဲ့ Root File System Directory တွေထားရှိတဲ့ computer စတာတွေရှိပါတယ်။

Root File System Directory များ
Root File System Directory များသည် File Manager ရှိ Computer တွင် ရှိသည်။ e.g. File Manager>Computer
**slash ဖြင့်စသည့် ဖိုင်များကို Directory ဟုခေါ်သည်။

Computerအတွင်းရှိ Root File System Directory များ

/home: User အသုံးပြုသူ သိမ်းဆည်းထားတဲ့ File တွေ ထားရှိရာ Directory ဖြစ်ပါတယ်။
/usr : User အသုံးပြုသူ Install လုပ်ထားတဲ့ Program တွေကို သိမ်းဆည်းတဲ့ Directory ဖြစ်ပါတယ်။


/bin: OSအတွက် မရှိမဖြစ်လိုအပ်တဲ့ Command တွေရဲ့ Binary တွေထားရှိတဲ့ Directory ဖြစ်ပါတယ်။
(bin – binary ရဲ့ အတိုကောက်ပါ။ Program တွေမှာ Source နဲ့ Binary ဆိုပြီး ၂မျိုးရှိပါတယ်။ Source က မူရင်း Code ဖြစ်ပြီး၊ Binary က Code ကို Program အဖြစ်ပြောင်းလဲထားတဲ့ ရလဒ်ပါ။
/sbin: OSအတွက် မရှိမဖြစ်လိုအပ်တဲ့ Binary ဖိုင်တွေ ထားရှိတဲ့ Directory ဖြစ်ပါတယ်။

/dev: ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Hardware devices တွေ သိမ်းဆည်းတဲ့ Directory ဖြစ်ပါတယ်။
/media: CD, USB ကဲ့သို့ Devices တွေကို သိမ်းဆည်းတဲ့ Directory ဖြစ်ပါတယ်။

Home Directory,
Nautilus File Manager ကို ဖွင့်ရင် ပထမဆုံးတွေရမှာက Home Directory ဖြစ်ပါတယ်။ User အသုံးပြုရဲ့ File တွေ သိမ်းဆည်းတဲ့ Directory ဖြစ်ပါတယ်။ (အသုံးပြုသူရဲ့ File တွေကို အခြား Directory မှာ သိမ်းဆည်းလို့မရပါဘူး)။ e.g. အသုံးပြုသူက james ဆိုရင် /home/james ဆိုတဲ့ directory မှာပဲ သိမ်းပါတယ်။

Home Directory ထဲမှာ အသင့်ဆောက်ထားတဲ့ Desktop, Download, Documents, Music, Pictures, Video စတဲ့ Folder တွေပါဝင်ပါတယ်။

Ctrl + L : Directory Location ကို ကြည့်ချင်ရင် => e.g. /home/shinehtetlinn
Ctrl + H : Show Hidden Files
*Linux မှာ File တွေကို Dot နဲ့ စပြီး နာမည်ပေးရင် အလိုအလျောက် Hidden File ဖြစ်ပါတယ်။

Super User တစ်ယောက်အနေဖြင့် စီမံခန့်ခွဲခြင်း (Sudo Command)
Sudo : Super User

Root File System တွေကို သာမန် user က စီမံခန့်ခွဲလို့ မရပါဘူး။ Super User ကသာ စီမံခန့်ခွဲလို့ရပါတယ်။ Super User အနေနဲ့ စီမံချင်ရင် Terminal ကနေတစ်ဆင့် OS ကို အမိန့်ပေးရပါတယ်။

e.g. sudo nauutilus
Nautilus File Manager ကို သာမန် user အနေဖြင့် မဟုတ်ဘဲ၊ Super User အနေဖြင့် အသုံးပြုခြင်း။


Shiney J
Source: Sayar Ei Maung