1. Ubuntu တွင် Software Installation and update ပြုလုပ်ခြင်းအတွက် သိထားသင့်သည့်အရာများ (9 Jan 20)
Package: Software နှင့် အတူပါလာသော ဆက်စပ် Resource တွေပါဝင်တဲ့ Installer ဖိုင်တစ်မျိုး

Dependencies: Software Run ဖို့ လိုအပ်တဲ့ software နဲ့ Package တွေရဲ့ စာရင်း

Package Manager; Softwareတွေ Install လုပ်ရာတွင် Package Manager ကို အသုံးပြုသည်။

**Ubuntu က Package တွေ အားလုံးကို တူရာစုပြီး Server မှာ ထားရှိပါတယ်။ Package Manager က Server ရဲ့ ဘယ်နေရာမှာ ဘယ် Package တွေ ရှိလဲဆိုတာကို Package Index ကို ကြည့်ပြီးသိရှိပါတယ်။ Package Index မရှိရင် Package တွေ ဘယ်မှာ ရှိမှန်းမသိနိုင်တဲ့အတွက် Software တွေ install လုပ်လို့ မရပါဘူး။ ဒါကြောင့် Package Index ကို ရယူထားရပါတယ်။

Software တစ်ခုခု install လုပ်တဲ့ အခါ စက်ထဲမှာ Package တွေမရှိရင် software မှ package တွေ တစ်ခါတည်း ရယူပြီး software ကို install လုပ်ပေးပါတယ်။



2. Unity Dash မှာ Software လို့ ရိုက်ရှာရင်
  1. Ubuntu Software Center
  2. Software & Updates
  3. Software Updater တွေကို တွေ့ရပါမယ်။
Ubuntu Software Center
Ubuntu က ဖန်တီးထားတဲ့ Software များကို Install လုပ်ရာတွင် သုံးသည်။

Software & Updates
Repository Channel တွေ ရွေးချယ်ဖို့နဲ့ Ubuntu က မဟုတ်သော Software တွေ install လုပ်ဖို့အတွက် အခြား Channel / setting တွေ သတ်မှတ်ဖို့သုံးသည်။
    - Repository Channel (4) ခု
    1. Main – Ubuntu ရဲ့ တရားဝင် free software
    2. Universe
    3. Restricted
    4. Multiverse
Software Updater
Ubuntu နဲ့ ထည့်သွင်းထားတဲ့ Software တွေကို Update လုပ်ရာတွင် သုံးသည်။

Software တွေ install လုပ်နိုင်ဖို့ Package Index ကို ဒီကနေတစ်ဆင့် မဖြစ်မနေ ရယူထားပေးရပါမယ်။ 

Shiney J