Ubuntu တွင် Software Installation and update ပြုလုပ်ခြင်း (9 Jan 20)

1. Software Updater
Ubuntu ကို ပထမဆုံးအကြိမ် install လုပ်ပြီးတဲ့အချိန်မှာ၊ Software Updater ကနေတစ်ဆင့် Package Index ကို အနည်းဆုံးတစ်ကြိမ်ရယူထားရပါမယ်။ Package Index ရယူထားမှ software တွေ install လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကို ပုံမှန် update လုပ်သင့်ပါတယ်။
e.g. Open Software Updater>Update

2. Ubuntu Software Center
Ubuntu ရဲ့ Official Repositroy ထဲက Software တွေကို install လုပ်ခြင်း

Open Ubuntu Software Center>Search Box ကိုယ်လိုချင်တဲ့ Software ကို ရှာဖွေပါ။
e.g. Notes => Note software တစ်ခုရဲ့ install button ကို နှိပ်ပြီး install လုပ်နိုင်ပါတယ်။

Uninstall လုပ်ချင်ရင်
install လုပ်ထားတဲ့ Software မှာ Remove ကိုနှိပ်ပြီး uninstall လုပ်နိုင်ပါတယ်။

3. Software & Update
Ubuntu ရဲ့ Repository Channel က မဟုတ်ဘဲ၊ သီးခြား Developer တွေ ဖန်တီးတဲ့ Software ကို install လုပ်ခြင်း(Installing software from other channel)

** သီးခြား Developer တွေရဲ့ Software ကို install လုပ်ချင်ရင်၊ ပထမဆုံးအနေဖြင့် သူတို့ရဲ့ PPA Channel ကို မဖြစ်မနေ Add လုပ်ပေးရပါတယ်။ (PPA: Personal Package Archive)

e.g. www.webupd8.org ရှိ syspeek software ကို install လုပ်လိုပါက
open Software & Update>Other Software>Add
ppa:nilarimogard/webupd8 (ဒီppa channel ကို ထည့်သွင်းပေးပါ။)>Click Add Source

ဒါဆိုရင် webupd8 Channel ထဲက Software တွေကို စတင်ထည့်သွင်းလို့ ရပါပြီ။ 

** အဓ္ဓိပါယ်က nilarimogard ဆိုတဲ့ User တည်ဆောက်ထားတဲ့ webupd8 ဆိုတဲ့ Package Archive ကို PPA Channel အနေနဲ့ ထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်။ 

ထည့်သွင်းလိုတဲ့ PPA Channel ရဲ့ UserName နဲ့ ArchiveName တည်နေရာ ကို သိထားဖို့ လိုပါမယ်။ ppa:nilarimogard သည် UserName ဖြစ်ပြီး၊ webupd8 သည် ArchiveName တည်နေရာ တစ်နည်း website address ဖြစ်သည်။ ယခု PPA ကို https://launchpad.net/~nilarimogard/+archive/ubuntu/webupd8 ဒီလင့်မှ ရယူထားသည်။ (UserName နဲ့ ArchiveName တည်နေရာကို မရှာတတ်သေးပါ)
PPA Archive တွေကို Ubuntu က ထောက်ပံ့ထားတဲ့ https://launchpad.net/ မှာ သိမ်းဆည်းလေ့ရှိပါတယ်။


ဒါဆိုရင် ဒီsoftware ဟာ Ubuntun Software Center ထဲကို ရောက်ရှိသွားပြီဖြစ်တဲ့အတွက်၊ Ubuntun Software Center မှာ syspeek ကို ရှာပြီး ပုံမှန်အတိုင််း install လုပ်ပေးနိုင်ပါပြီ။ 

Shiney J