Software ကို Download လုပ်ပြီး Install လုပ်ခြင်း (10 Jan 2020)
1. .deb file format ကို install လုပ်ခြင်း။
.deb: Ubuntu Installer/ Software package ရဲ့ File Format က .deb Extension ပါ။ (.deb ဆိုတာ ပြည့်စုံတဲ့ Dependencies Software တစ်ခုပါ။

ဥပမာ - Dropbox software ကို download လုပ်ပြီး install လုပ်ခြင်း။
https://www.dropbox.com/install သို့သွားပါ။ ubuntu(.deb) 64 bit 32 bit တွေ့ရပါလိမ့်မယ်။ 64 bit ကို Download ရယူပါ။

e.g. drop_1.6.0_amd64.deb (amd64 က 64bit ကို ရည်ညွှန်းပါတယ်။)

Download ရယူထားတဲ့ .deb ဖိုင်ကို Double click နှိပ်ပြီး install လုပ်နိုင်ပါပြီ။ (Download ဖိုင်သည် Home Directory ရှိ Download Folder တွင် ရှိမည်)

2. Official Repository ထဲမှာ မရှိသေးတဲ့ Software နောက်ဆုံး Version ကို Download ရယူခြင်း

**Software Version အသစ်တစ်ခုထွက်တဲ့အခါ Ubuntu Developer တွေက OS နဲ့ လိုက်ဖက်ခြင်း ရှိ/မရှိ စမ်းသပ်နေတာကြောင့် Software Center ရှိ Official Repository က Version အနည်းငယ် နောက်ကျပါတယ်။

ဥပမာ - Official Repository ထဲမှာ မရှိသေးတဲ့ Firefox နောက်ဆုံး 29 version ကို ရယူပါ။
e.g. firefox_29.0.tar.bz2
.tar.bz2 က Archive အမျိုးအစားဖြစ်ပါတယ်။ .tar, .tar.gz တို့ကလည်း Archive အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Archive ဖိုင်ကို Right Click လုပ်ပြီး Extract Here လုပ်ရပါတယ်။ Firefox ဆိုတဲ့ Folder တွေ့ရပါမယ်။ Folder ထဲက Firefox icon ကို Double click လုပ်ပြီး install လုပ်စရာမလိုတော့ဘဲ တန်းသုံးနိုင်ပါတယ်။

** Software Install လုပ်ခြင်းဟာ Developer ရဲ့ လမ်းညွှန်ချက်ပေါ်မူတည်ပြီး တစ်ခုနဲ့ တစ်ခုကွဲပြားပါတယ်။

Software Install လုပ်ခြင်းကို Command line ကနေလည်း ဆောင်ရွက်နိုင်ပါတယ်။

Shine J