မြန်မာ Font နှင့် စာရိုက်စနစ်များ ထည့်သွင်းအသုံးပြုပုံ (အခန်း ၇) – 10 Jan 2020

Ubuntu က မြန်မာစာ စနစ် တစ်ခါတည်း ပါဝင်ပါတယ်။ Setting ရှိ Region & Language ရဲ့ Input Sources မှာ Burmese ကို ထပ်မံထည့်သွင်းပေးခြင်းဖြင့် မြန်မာစာရိုက်နိုင်ပါပြီ။
မြန်မာ၊ English လက်ကွက် ပြောင်းရန် : Super + Space

Ubuntu ရဲ့ မြန်မာစာ Default Font က Padauk Font ပါ။ အခြား Font တွေ ထပ်မံထည့်သွင်းနိုင်ပါတယ်။
Font Download ရယူပါ။

Font Format က .ttf ပါ။ e.g. Pyidaungsu-2.5.3_Numbers.ttf

Install လုပ်ခြင်း
ဖောင့်ဖိုင်ကို Double Click လုပ်ပြီး Install လုပ်နိုင်ပါတယ်။

ထည့်သွင်းလိုက်တဲ့ Font တွေကို Ubuntu က/home/[user]/.local/share/fonts ( e.g. /home/shinehtetlinn/.local/share/fonts ) - Floder ထဲမှာသိမ်းပါတယ်။ Install မလုပ်လိုပါက Download ထားတဲ့ Font ဖိုင်တွေကို အပေါ်က Fonts ဖိုဒါထဲကို ကူးထည့်နိုင်ပါတယ်။

__________________________________________________________________________
Desktop Prefer Font
တကယ်တော့ Ubuntu က ပေးထားတဲ့ Default Font – Padauk ကလည်း အဆင်ပြေပါတယ်။

အကယ်၍ Ubuntu က ပေးထားတဲ့ Default Font – Padauk အစား အခြား Unicode Font တစ်ခုကို Desktop font အဖြစ်သတ်မှတ်နိုင်ပါတယ်။

fonts.conf ဖိုင်ကို Download လုပ်ပါ။ (P-137)

/home/[user]/.config/fontconfig ဖိုဒါထဲသို့ ကူးထည့်ပါ။ (fontconfig မရှိရင် တည်ဆောက်ပေးပါ)
Myanmar3 ကို Prefer ဖြစ်ပါက download လုပ်ထားတဲ့ fonts.conf မှာ Padauk အစား Myanmar3 ဆိုပြီး ပြင်ဆင်ပေးရပါမယ်။


Zawgyi One က မကြိုက်တော့လို့၊ Manipulate လုပ်လို့ မသွင်းတော့ဘူး။ P-130


Shiney J