Ubuntu Setting (11 Jan 2020)

Printer Setup
Dash မှာ Printer လို့ ရိုက်ရှာနိုင်သလို၊ Setting ရှိ Device မှ တစ်ဆင့် Printers သို့ သွားပြီး Printer ကို ရှာဖွေချိတ်ဆက်နိုင်သည်။

Scanner
Dash မှာ Simple Scan ကို ရှာပြီး အလွယ်တကူ Scan ဖတ်နိုင်သည်။
* Scan နှစ်ခုဖြစ်နေလျှင် ပရိုဂရမ် Document ရှိ Preferences Menu မှ Scanner ကို ရွေးချယ်ပေးရသည်။

Hard Drive Partition ခွဲခြင်း
** Hard Drive အသစ်ကို Partition ခွဲလိုလျှင် Gparted ဆော့ဝဲကို install လုပ်ထားရပါမယ်။

လက်ရှိသုံးနေတဲ့ Hard Drive ကို Partition ခွဲလိုလျှင် Ubuntu Installer DVD သို့ Flash-disk ကို မှတစ်ဆင့် partition ခွဲပေးရပါတယ်။
  • - Ubuntu Installer နဲ့ Boot တင်ပါ။
  • - Try Ubuntu ကို ရွေးပါ။
  • - GParted ဆော့ဝဲကို ရှာပြီး Partition ခွဲပါ။ (Gparted ဆော့ဝဲသည် Ubuntu Installer တွင် တစ်ပါတည်း ပါရှိပြီးဖြစ်သည်)


ဘယ်လိုလုပ်လဲ
  • /dev/sda တွင် Right Click နှိပ်၊ Risize/Move ကိုရွေးပါ။ Size ချိန်ပေးပါ။
  • အသစ်ရလာတဲ့ Partition မှာ Right Click နှပ်၊ New ရွေးပေးပါ။ File System မှာ ext4 ရွေးပေးပါ။
  • Apply> Ok ရပါပြီ။

အခြား Setting များ


- လုံခြုံရေးပတ်သတ်တာကို Setting ရှိ Privacy တွင် ပြင်ဆင်နိုင်ပါတယ်။
- ပါဝါနှင့် ပတ်သက်ရင် Setting ရှိ Power တွင် ပြင်ဆင်နိုင်ပါတယ်။
- အသံနှင့် ပတ်သက်ရင် Setting ရှိ Sound တွင် ပြင်ဆင်နိုင်ပါတယ်။
- အချိန်နှင့် နေ့ရက်တွေ ပြင်ချင်ရင် Setting ရှိ၊ Details မှ Time & Date
- စက်အကြောင်း (Memory, CUP, Graphic) သိချင်ရင် Setting ရှိ၊ Details မှ About

အခန်း (၈) မှ