Desktop Customization – Desktop ၏ အသွင်အပြင်ကို စီမံပြောင်းလဲခြင်း။ (11 Jan 2020)

Customization က Desktop ရဲ့ အသွင်အပြင်ကို လှပပြီး ထူးခြားနေအောင်ပြင်ဆင်ခြင်းဖြစ်တယ်။
Mouse click အများကြီး နှိပ်စရာမလိုဘဲ Shortcut တွေ၊ Launcher တွေနဲ့ မြန်မြန်လုပ်ဆောင်နိုင်တယ်။
အချက်အလက်တွေသိရဖို့ ပရိုဂရမ်ကို သွားဖွင့်စရာမလိုဘဲ Desktop Screen ပေါ်မှာ အလွယ်တကူရယူနိုင်တယ်။

အလှဆင်သည့် Customizer များ

Unity Tweak Tool – Unity Desktop Shell ကို ပိုမိုကောင်းမွန်အောင် Customized လုပ်လို့ရတဲ့ ဆော့ဝဲဖြစ်ပါတယ်။ (Software Center ကနေ ရယူနိုင်တယ်)
- Launcher bar, Dash, Panel, Switcher တွေပြင်လို့ရတယ်။
- Minimize/unMinimized Effect တွေ ပြင်လို့ရတယ်။
- Workspace Settings, Desktop Icon Settings တွေပြင်လို့ရတယ်။


Gurb 2 – Boot Menu Customizer
Ubuntu စက်အတက်မှာ Boot Menu ရဲ့ အသွင်အပြင်ကို ပြောင်းလဲခြင်း

Plymouth Manager – Splash Screen
Ubuntu ကို Loading လုပ်နေစဥ် ဖော်ပြတဲ့ Animated Screen

Zukitwo - GTK, Metacity Theme
(Toolbar, Menu, Button စတဲ့ Window Control တွေရဲ့ အသွင်အပြင်ဖော်ပြတာကို - GTK Theme လို့ခေါ်ပြီး၊ Window Border ရဲ့ အသွင်အပြင်ကို ဖော်ပြတာကို Metacity Theme လို့ ခေါ်ပါတယ်။ ဒီလို Theme တွေကို noobslab.com မှာ ရယူနိုင်ပါတယ်။

ဒီ Theme တွေ အသုံးပြုနိုင်ဖို့ PPA ထည့်ပေးရပါတယ်။
ppa:noobslab/themes
ppa:noobslab/icons

GTK, Metachity Them ပြောင်းဖို့ Zukitwo ကို install လုပ်ပါ။
Icon Them ပြောင်းဖို့ Faenza ကို install လုပ်ပါ။

ဒီ Theme နဲ့ Icon က Unity Tweak Tool နဲ့ တွက်ဖက်သုံးရမှာ ဖြစ်ပါတယ်။ Unity Tweak Tool ရဲ့ Them နဲ့ Icon မှာ ရွေးချယ်အသုံးပြုပေးရပါမယ်။


Gnome Do – Dash အစားထိုး ဆော့ဝဲရှာ Launcher
ConpizConfig Setting Manager – (Compiz) Window နဲ့ ပတ်သက်ပြီး Effect တွေပြောင်းလဲနိုင်တဲ့ Customization Software

Docky – Dock (Task Bar) လုပ်ဆောင်ချက်တွေ စီမံတဲ့ Customizer. (အရင်က Unity Launcher Bar မပါလို့ Dock ကို မဖြစ်မနေ ထည့်သွင်းရပါတယ်။ အခု unity Launcher Bar ပါလာပေမယ်လည်း Dock က Launcher Bar ထက်ပိုပြည့်စုံပါတယ်။)

Conky - Desktop Widget (Desklet) တွေ ထည့်လို့ရတဲ့ ဆော့ဝဲ
CPU Usage, Memory Usage, Hard drive Usage, Net-work Traffic စတဲ့ စက်ပိုင်းဆိုင်ရာအချက်အလက်ကို Desktop Widget အနေနဲ့ ဖော်ပြပေးပါတယ်။



Conky နဲ့ ပတ်သက်တဲ့ Widget တွေ PPA Channel ထည့်တာ မအောင်မြင်ပါ။
Install Conky

sudo add-apt-repository ppa:teejee2008/ppa
sudo apt-get update
sudo apt-get install conky-all


Gedit Text Editor  မှာ အောက်က code ကို ကူးပြီး .start-conky နာမည်နဲ့ သိမ်းပါ။


#!/bin/sh
sleep 20
conky -d -c ~/.conkyrc
exit

File permission ကို Execute လုပ်ပါ။
Startup Application ကိုဖွင့်ပါ။ Add ကို ရွေးပါ။ Name မှာ Conky ရွေးပါ။ Browse မှာ စောစောက .start-conky ရွေးပေးပါ။ 

Conky Theme ကို Download လုပ်ပါ။
http://eimaung.com/u4urc/conky-red.zip


Extract လုပ်ပြီး Home Folder ကူးထည်းပါ။ ဒါဆိုရင် စက် Restart လုပ်ရင် ဒိုင်ခွက်နဲ့ Widget တွေ တွေ့ရပါမယ်။

Indicator ဆော့ဝဲများ– Status Bar မှာ ဖော်ပြတဲ့ indicator (Widget နဲ့ ဆင်တူပါတယ်။)

Indicator-Weather ဆိုတဲ့ indicator ကိုထည့်သွင်းခြင်း
PPA Channel ထည့်ပေးပါ။

sudo add-apt-repository ppa:kasra-mp/ubuntu-indicator-weather
sudo apt update && sudo apt install indicator-weather


Nautilus Actions Extra Package - Nautilus Script အမျိုးအစားဖြစ်သည်။ File Manager အစားထိုးဆော့ဝဲဖြစ်ပြီး၊ File Manager မှာ မပါတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်တဲ့ ဆော့ဝဲဖြစ်ပါတယ်။

Install လုပ်နည်းသိလို့ပါက ဆရာအိမောင် ရဲ့ Ubuntu သင့်အတွက် Linux စာအုပ် Page – 170 မှ စ၍ ကြည့်ရှုပြီး လေ့လာနိုင်ပါသည်။
Shiney J