User Accounts, Group နှင့် File Permission စီမံပုံ (11 Jan 2020)

သာမန် User Account
Ubuntu install လုပ်စဥ် တည်ဆောက်ထားတဲ့ Account က သာမန် User Account ပါ။ ဒီ သာမန် User Account က ကိုယ်ပိုင် ဖိုင်တွေကိုသာ စီမံလို့ရပြီး၊ Root User သာလုပ်လို့ရတဲ့ Administrative Task ဖိုင်တွေကို စီမံလို့မရဘူး။

sudo Command
Ubuntu က သာမန် User Account ကိုSudo Group ထဲ အလိုအလျောက် ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် Sudo Command ကနေတစ်ဆင့် Super User Account တစ်ခုလို Administrative Task ဖိုင်တွေကို စီမံဆောင်ရွက်နိုင်ပါတယ်။

User 3 မျိုး
Owner – ဖိုင်တစ်ခုကို စတင်တည်ဆောက်သူပါ။ ဖိုင်ကို owner က Read, Write permission (ပြင်ဆင်ခြင်း) ကိုအလိုအလျောက်ရပါတယ်။ ပြီးတော့ Group နဲ့ Others User တွေအတွက် Permission ကို သတ်မှတ်နိုင်ပါတယ်။

Group – Owner နဲ့ Group တစ်ခုထဲမှာ အတူတူရှိနေတဲ့ အခြား user က group ဖြစ်ပါတယ်။

Others – Owner လည်း မဟုတ်၊ Group လည်း မဟုတ်တဲ့ အခြား user ပါ။

Permission 3 မျိုး
Read (ဖတ်ရုံသာရရှိခြင်း)
Write (ဖတ်လို့ရသည့်အပြင်၊ ပြင်ဆင်လို့ရခြင်း)
Execute

* Execute Permission – Run လို့ရတဲ့ ဖိုင်ကို ဆိုလိုပါတယ်။ ဖိုင်တစ်ခုကို Owner က Execute Permission ပေးလိုက်ရင် အဲ့ဒီဖိုင်ဟာ Run လို့ရတဲ့ ဖိုင်ဖြစ်သွားပါတယ်။

ဖိုင်ကို Permission သတ်မှတ်ခြင်း
သက်ဆိုင်ရာဖိုင် (e.g. .pdf ဖိုင်) ကို Right-Click နှိပ်၊ Properties ရွေးပါ။ ပြီးရင် Permission tab ကို နှိပ်ပါ။
Owner, Group နဲ့ Other တိုအတွက် Access select box ရွေးချယ်ပေးပါ။
e.g. 
  • Owner – Read & Write
  • Group – Group ရွေးပေးပါ။ Access မှာ Read-Only ရွေးပါ။
  • Other – None ထားပါ။

** Run လို့ရတဲ့ ဖိုင်ဖြစ်တဲ့ Execute Permission ပေးချင်ရင် Execute မှာ အမှန်ခြစ် လုပ်ပေးပါ။

User Account ဖန်တီးခြင်း
Setting ရှိ Details မှ Users သို့သွားပါ။

အကောင့်သစ်ဖန်တီးရန် Unlock ကို နှိပ်ပါ။ Add User ထပ်မံနှိပ်ပါ။
sudo Group ထဲ ရောက်တဲ့ Account ဖြစ်ဖို့
Administrator ကို ရွေးပါ။
Full Name (login ဝင်တဲ့ နာမည်)User Name နဲ့ Password (Set a password now) ပေးပါ။ e.g. Welc0me20

ဒါဆိုရင် Account အသစ်ရပါပြီ။ /Home Directory ထဲမှာ Account အသစ်ရောက်သွားပါပြီ။

Group တွေကို စီမံခြင်း
Group ကို စီမံဖို့ gnome-system-tools ကို install လုပ်ပေးရပါတယ်။
gnome-system-tools ဆိုပြီး Ubuntu software Center မှာ ရှာပါ။ တွေ့ရှိတဲ့ Users & Groups ကို install လုပ်ပါ။
(စာအုပ်ထဲမှာ တွေ့တဲ့ gnome-system-tools က cross-platform configuration utilities for gnome ပါ။ ဒါပေမဲ့ ရှာမတွေ့ပါ။)

Install လုပ်ပြီးရင် Dash မှ Users & Groups ဖွင့်ပါ။
Manage Group ကိုနှိပ်၊ Add ကိုနှိပ်ပါ။
Group Name ပေးပါ။ Group Member ရွေးပါ။

ဒါဆိုရင် User တွေအချင်းချင်းကြား share သုံးလို့ရတဲ့ Group user ရပါပြီ။ ဖိုင် share တဲ့အခါ Permission ရှိ Group section မှာ အခုဖန်တီးလိုက်တဲ့ Group နာမည်ရွေးပေးပါ။ (သို့သော် စမ်းကြည့်တဲ့အခါ အခုဖန်တီးလိုက်တဲ့ Group နာမည်မပေါ်တဲ့ အတွက် ရွေးလို့မရပါ။ ဘာကြောင့်မှန်းမသိပါ။)

အခန်း (၁၀) မှ, Ubuntu သင့်အတွက် Linux

Shiney J