User Accounts, Group
နှင့် File
Permission စီမံပုံ
(11 Jan 2020)
သာမန်
User Account
Ubuntu install
လုပ်စဥ်
တည်ဆောက်ထားတဲ့ Account က
သာမန် User Account ပါ။
ဒီ သာမန် User Account က
ကိုယ်ပိုင် ဖိုင်တွေကိုသာ
စီမံလို့ရပြီး၊ Root User
သာလုပ်လို့ရတဲ့
Administrative Task ဖိုင်တွေကို
စီမံလို့မရဘူး။
sudo Command
Ubuntu က
သာမန် User Account ကိုSudo
Group ထဲ
အလိုအလျောက် ထည့်သွင်းပေးထားပါတယ်။
ဒါကြောင့် Sudo Command
ကနေတစ်ဆင့် Super User Account တစ်ခုလို Administrative Task ဖိုင်တွေကို
စီမံဆောင်ရွက်နိုင်ပါတယ်။
User 3 မျိုး
Owner –
ဖိုင်တစ်ခုကို
စတင်တည်ဆောက်သူပါ။ ဖိုင်ကို
owner က
Read, Write permission (ပြင်ဆင်ခြင်း) ကိုအလိုအလျောက်ရပါတယ်။
ပြီးတော့ Group နဲ့
Others User တွေအတွက်
Permission ကို
သတ်မှတ်နိုင်ပါတယ်။
Group – Owner နဲ့
Group တစ်ခုထဲမှာ
အတူတူရှိနေတဲ့ အခြား user
က group
ဖြစ်ပါတယ်။
Others – Owner
လည်း မဟုတ်၊
Group လည်း
မဟုတ်တဲ့ အခြား user ပါ။
Permission 3
မျိုး
Read (ဖတ်ရုံသာရရှိခြင်း)
Write (ဖတ်လို့ရသည့်အပြင်၊ ပြင်ဆင်လို့ရခြင်း)
Execute
* Execute Permission
– Run လို့ရတဲ့
ဖိုင်ကို ဆိုလိုပါတယ်။
ဖိုင်တစ်ခုကို Owner က
Execute Permission ပေးလိုက်ရင်
အဲ့ဒီဖိုင်ဟာ Run လို့ရတဲ့
ဖိုင်ဖြစ်သွားပါတယ်။
ဖိုင်ကို
Permission သတ်မှတ်ခြင်း
သက်ဆိုင်ရာဖိုင်
(e.g. .pdf ဖိုင်)
ကို
Right-Click နှိပ်၊
Properties ရွေးပါ။
ပြီးရင် Permission tab ကို
နှိပ်ပါ။
Owner, Group နဲ့
Other တိုအတွက်
Access select box ရွေးချယ်ပေးပါ။
e.g.
- Owner – Read & Write
- Group – Group ရွေးပေးပါ။ Access မှာ Read-Only ရွေးပါ။
- Other – None ထားပါ။
** Run လို့ရတဲ့
ဖိုင်ဖြစ်တဲ့ Execute Permission
ပေးချင်ရင်
Execute မှာ
အမှန်ခြစ် လုပ်ပေးပါ။
User Account
ဖန်တီးခြင်း
Setting ရှိ
Details မှ
Users သို့သွားပါ။
အကောင့်သစ်ဖန်တီးရန်
Unlock ကို
နှိပ်ပါ။ Add User ထပ်မံနှိပ်ပါ။
sudo Group ထဲ
ရောက်တဲ့ Account ဖြစ်ဖို့
Administrator ကို
ရွေးပါ။
Full Name (login
ဝင်တဲ့
နာမည်)၊
User Name နဲ့
Password (Set a password now) ပေးပါ။
e.g. Welc0me20
ဒါဆိုရင်
Account အသစ်ရပါပြီ။
/Home Directory ထဲမှာ
Account အသစ်ရောက်သွားပါပြီ။
Group တွေကို
စီမံခြင်း
Group ကို
စီမံဖို့ gnome-system-tools ကို
install လုပ်ပေးရပါတယ်။
gnome-system-tools
ဆိုပြီး
Ubuntu software Center မှာ
ရှာပါ။ တွေ့ရှိတဲ့ Users & Groups ကို
install လုပ်ပါ။
(စာအုပ်ထဲမှာ
တွေ့တဲ့ gnome-system-tools က cross-platform configuration
utilities for gnome ပါ။ ဒါပေမဲ့ ရှာမတွေ့ပါ။)
Install လုပ်ပြီးရင်
Dash မှ
Users & Groups ဖွင့်ပါ။
Manage Group
ကိုနှိပ်၊
Add ကိုနှိပ်ပါ။
Group Name ပေးပါ။
Group Member ရွေးပါ။
ဒါဆိုရင်
User တွေအချင်းချင်းကြား
share သုံးလို့ရတဲ့
Group user ရပါပြီ။
ဖိုင် share တဲ့အခါ
Permission ရှိ
Group section မှာ
အခုဖန်တီးလိုက်တဲ့ Group
နာမည်ရွေးပေးပါ။
(သို့သော်
စမ်းကြည့်တဲ့အခါ အခုဖန်တီးလိုက်တဲ့
Group နာမည်မပေါ်တဲ့
အတွက် ရွေးလို့မရပါ။ ဘာကြောင့်မှန်းမသိပါ။)
အခန်း (၁၀) မှ, Ubuntu သင့်အတွက် Linux
Shiney J

0 Comments