Ubuntu တွင် Windows OS နှင့် အခြား OS များ ထည့်သွင်းခြင်း (12 Jan 2020)

Hardware တစ်ခုတည်းတွင် Virtualization နည်းပညာဖြင့် Operating System နှစ်ခုသုံးခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း အသုံးပြုခြင်း။ (Duel-boot လို OS နှစ်ခုတင်ပြီး တစ်လှည့်စီသုံးတာမျိုး မဟုတ်ပါဘူး။)

Host OS နှင့် Guest OS
Ubuntu ကို Host OS အနေဖြင့် ထားရှိပြီး၊ အခြား OS (e.g. Windows) ကို Guest OS အနေနဲ့ သုံးပါမယ်။

VirtualBox
VirtualBox ဆိုတဲ့ Solution ကို အသုံးပြုပြီး Ubuntu Host OS တွင် Guest OS ထည့်သွင်းခြင်း။ VirtualBox က Open source ဖြစ်ပါတယ်။


Installation
VirtualBox ကို Install လုပ်ပါ။
virtualbox-guest-additions-iso ဆိုတဲ့ Pakage ကိုလည်း တစ်ခါတည်း install လုပ်ပါ။ (VirtualBox Guest လို ရှာကြည့်ပါ။)

Setting up Virtual machine
Install လုပ်ပြီးရင် VirtualBox ကို ဖွင့်ပါ။
  • Virtual machine အသစ်တည်ဆောက်ဖို့ New ကိုနှိပ်ပါ။ Name ပေးပါ။
  • Type မှာ Windows OS စသည် ရွေးပါ။
  • Version မှာ Windows 7 , 10 စသည်ရွေးပေးပါ။
  • Guest OS အတွက် Memory ကို 1024 (1GB) လောက် ပေးလိုက်ပါ။ VDI (Virtual Disk Image) ရွေးပါ။ 

အဆင့်ဆင့် ရွေးချယ်ပေးပြီး ဆက်သွားရင် Virtual machine တည်ဆောက်ပြီးဖြစ်သွားပါလိမ့်မယ်။ ပြီးရင် Virtual Machine Settings ချိန်ညှိပါ။

Installing Windows in Virtual Machine
Windows DVD installer or Flash disk ထည့်သွင်းပါ။ Windows ကို Install လုပ်ဖို့အတွက် စာရင်းထဲက Virtual Machine ကို ရွေးပြီToolbar ကနေ Start နှိပ်ပါ။ ထို့နောက် Windows Installer ကို ရွေးပြီး Boot လုပ်ကာ Installation တစ်ဆင့်ချင်း လုပ်သွားပါ။

အခြား အသုံးဝင် Setting

Guest OS Full Screen 
Windows install လုပ်ပြီးသွားရင် Guest OS Full Screen ရဖို့ Virtual Machine ထဲက Devices Menu ထဲက Insert Guest Additions CD Image ကို ရွေးပေးရပါမယ်။

Host OS နဲ့ Guest OS နှစ်ခုလုံးက USB Drive ကို တန်းသိနေအောင်
VirtualBox Extension Pack ကို ထည့်သွင်းပေးရပါမယ်။Download မလုပ်ခင် Virtual Version ကို Helpရှိ About Menu မှာ ကြည့်ရှုပါ။ https://www.virtualbox.org/wiki/Downloads ရယူပါ။
Download ပြီးရင် Virtual ရဲ့ File>Preferences Menu ကနေ Extension ထည့်ပေးပါ။

Shared Folder Settings
Host OS နဲ့ Guest OS ကြား ဖိုတွေ အပြန်အလှန်မျှဝေခြင်း
Virtual Machine ရဲ့ Devices ရှိ Shared Folder Settings ကို ရွေးပေးပါ။ (Share Folder ကို Guest OS ကနေ စီမံလို့ရအောင် Windows Explorer သို့ Run Box တို့မှာ \\vboxsvr\Share ဆိုတဲ့ location ကို ထည့်ပေးရပါမယ်။ (လုပ်နည်းကို စာအုပ်တွင် ကြည့်ပါ)


Clipboard Share
Host OS မှာ Copy ကူးထားတဲ့ စာကို Guest OS ထဲမှာ Paste လုပ်ခြင်း။
Devices > Shared Clipboard > Bidirectional ကို ရွေးပေးပါ။

ဒီလိုမျိုး OS နှစ်ခုကို တစ်ပြိုင်တည်း သုံးလို့ရအောင်တင်ထားခြင်းဖြင့်၊ Ubuntu OS ပေါ်မှာ ကျတော်တို့ ဖန်တီးထားတဲ့ Website တွေဟာ Windows OS အသုံးပြုသူတွေအတွက် အဆင်ပြေခြင်းရှိမရှိ Guest OS နဲ့ အလွယ်တကူစမ်းသပ်ပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုပုံကို ဆရာအိမောင်၏ Ubuntu သင့်အတွက် Linux စာအုပ်ရှိ page 222 တွင် ကြည့်ရှုနိုင်ပါသည်။

Shiney J