Ubuntu မူကွဲများ - Ubuntu ရဲ့ Desktop Environment တွင် အစားထိုးသုံးစွဲခြင်းနှင့် Unity Desktop Shell တွင် အစားထိုးအသုံးပြုခြင်း။ (13 Jan 20)
Linux OS က
Kernel, Window Manager နဲ့
Desktop Environment တွေ
ပေါင်းစပ်ထားတာပါ။
Ubuntu Linux OS က
Debian လို့ခေါ်တဲ့
Linux Distro ကို
အခြေခံပြီး Gnome 3 Desktop
Environment နဲ့
Unity Desktop Shell ကို
ပေါင်းစပ်ထားတာပါ။
Ubuntu ကို
အခြေခံပြီး မွန်းမံဖြည့်စွက်ကာ
ထွက်ပေါ်လာတဲ့ Ubuntu မူကွဲ
Linux OS တွေ
ရှိပါတယ်။ Kubuntu, Xubuntu,
Lubuntu စသဖြင့်
ရှိပါတယ်။
ဒီ
Ubuntu မူကွဲ
Linux OS တွေရဲ့
Desktop Environment ကို
Ubuntu မှာ
အစားထိုးအသုံးပြုနိုင်ပါတယ်။
1. အခြား
Desktop Environment တွေကို
Ubuntu တွင်
အစားထိုးအသုံးပြုခြင်း
Software Center မှာ
ရယူနိုင်ပါတယ်။
Kubuntu – KDE
-Desktop Environment ကို
အသုံးပြုထားတယ်။ (Ubuntu
နဲ့ မတူပဲ
ကွဲပြားပါတယ်။ Kubuntu-Desktop
ဆိုပြီးရှာနိုင်တယ်။)
Xubuntu – Xface –
Light Weight Desktop Environment ကို
အသုံးပြုထားတယ်။ Xubuntu
ကStart
Menu တွေ Panel
ပါတဲ့
Desktop ပုံစံပါ။
ရိုးရှင်းလျှင်မြန်တယ်။
(Xubuntu-Desktop ဆိုပြီးရှာနိုင်တယ်။)
Lubuntu – LXDE -
Light Weight Desktop Environment - Xubuntu လိုပါပဲ။
ဒါပေမဲ့ ပိုမြန်တယ်။ Performance
မကောင်းတဲ့
စက်မှာ သုံးနိုင်တယ်။
(Xubuntu-Desktop လို့့ရှာနိုင်တယ်။
LinuxMint – Gnome
2 နဲ့ Cinnamon
Desktop Shell ကို
အသုံးပြုထားတယ်။ သီးခြား
Distro ဖြစ်တယ်။
LinuxMint က
install လုပ်ပြီးတာနဲ့
package တွေအပြင်
Ubuntu မှာ
မပါတဲ့ ထပ်ဆောင်းပရိုဂရမ်တွေ
ပါဝင်ပါတယ်။ Windows 7 Start Menu
လို Search
တွေပါဝင်တယ်။
linuxmint.com မှာ
Download ရယူနိုင်တယ်။
ppa:gwendal-lebihan-dev/cinnamon-nightly
2. Desktop
Environment မဟုတ်ဘဲ
Unity Shell ကိုသာ
အစားထိုးအသုံးပြုခြင်း
Gnome Shell နဲ့
Gnome Flashback Session ကို
Unity Shell အစားသုံးနိုင်ပါတယ်။
Software Center မှာ
ရယူနိုင်ပါတယ်။
Gnome Shell –
Unity လို
Launcher, Dash ပါဝင်ပါတယ်။
Gnome Flashback
Session – Traditional Desktop ပုံစံ
Start Menu နဲ့
Panel တွေ
ပါဝင်ပါတယ်။ (Flashback က
၂မျိုး ရှိတယ်။ Compiz Version
နဲ့ Metacity
Version ပါ။
Compiz Version –
Desktop Effect တွေပါဝင်တယ်။
Metacity Version –
ရိုးရိုးပုံစံဖြစ်တယ်။
အသုံးပြုပုံ
Install
လုပ်ပြီးတာနဲ့
logout လုပ်ပါ။
Login ပြန်ဝင်တဲ့အခါ
ကိုယ်လိုချင်တဲ့ Desktop
နဲ့
ဝင်ရောက်ပါ။
Shiney J

0 Comments