Command Line Interface (CLI) Part 1 - အခန်း ၁၄
Linux Server မှာ Desktop Environment လို Graphical User Interface (GUI) ထက် စီမံခန့်ခွဲရေးတွေကို Command Line Interface (CLI) နဲ့ စီမံပါတယ်။

CLI က Directory လို့ သုံးပြီး GUI က Folder ဟု သုံးနှုန်းသည်။ ဆိုလိုရင်းတူသည်။

Ctrl + Alt + T

In terminal,
ls
ls -l
ls -l -a (or) ls -la

cd
cd + Directory Location (e.g. cd Pictures)
cd ..
cd ../Downloads
cd ~/Downloads

mkdir Command (e.g. mkdir ebook)
rmdir Command (e.g. rmdir ebook )
rm Command (e.g. rm hi.txt)
rm -r ebook


1. Ctrl + Alt + T => Terminal
Terminal ဖွင့်ဖွင့်ချင်း Home Folder ကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။
~ Tilde => ~ Tilde သင်္ကေတလေးက Home Folder ကို ကိုယ်စားပြုပါတယ်။

2.
ls Command => List - လက်ရှိရောက်နေတဲ့ Folder မှာ ရှိတဲ့ ဖိုင်နဲ့ Folder List ကို ကြည့်ရှုခြင်း။
- Dash Operator => Command တွေရဲ့ နောက်ကနေ Dash Operator သုံးပြီး Option တွေ တွဲဖက်အသုံးပြုနိုင်ပါတယ္်။
-l option => ဖိုင်၊ Folder list ကို စာရင်းအနေဖြင့် ကြည့်ရှုခြင်း။ (ls -l) (Hidden File မပါဝင်ပါဘူး)

-a Option => Hidden File တွေကို ပေါ်စေချင်ရင် -a option နဲ့ တွဲသုံးပါတယ်။
ls -l -a (or) ls -la
* Option တွေ တစ်ခုနဲ့ တစ်ခု တွဲပြီးသုံးနိုင်ပါတယ်။

3.
cd Command => Change Directory
cd Command သာရေးလျှင် Home Folder ထဲသို့ ရောက်သည်။
အခြား Directory သို့ သွားလိုပါက cd နောက်မှာ Directory Location ကို ထည့်ပေးရပါမည်

*Directory Location ရိုက်တဲ့အခါ အစ ၃လုံးလောက်ရိုက်ပြီး Tab နှိပ် နိုင်ပါတယ်။ စာလုံးအကြီးအသေး မှန်အောင်ရိုက်ပေးရသည်။ e.g. cd Pic ရေးပြီး Tab နှိပ်ပါ။

Pictures, Documents, Downloads, Desktop, Videos, Music Directory များသည် Home Folder ထဲတွင် ရှိသည်။

Home Folder ထဲရောက်စဥ်တွင် အောက် Directory များသို့ တန်းသွားနိုင်သည်။
cd Pictures/ => Pictures Directory
cd Documents/ => Documents Directory
cd Downloads/ => Downloads Directory
cd Desktop/ => Desktop Directory
cd Videos => Videos Directory
cd Music => Music Directory

လက်ရှိရောက်နေတဲ့ Folder ကနေ တစ်ဆင့် ပြန်ထွက်လိုပါက cd .. ကို သုံးနိုင်သည်။ .. က up ကို ဆိုလိုသည်။
Pictures Folder ရောက်နေသည် ဆိုပါဆို့...

cd .. => ရှေ့သို့ တစ်ဆင့်ထွက်လိုပါက cd .. Command ကို သုံးနိုင်သည်။

ရှေ့သို့ တစ်ဆင့်ထွက်ပြီး အဆင့်တူ အခြား Directory သို့ သွားလိုပါက Forward Slash / ကိုသုံးပြီး Directory Location ကို ရေးကာ တန်းသွားနိုင်သည်။
cd ../Downloads

တစ်ဆင့်မထွက်ဘဲ Home ထဲသို့ တန်းသွားပြီး Home Folder ရှိ Directory တစ်ခုခုသို့ သွားလိုပါက
cd ~/Downloads

4.
mkdir Command
mkdir => make directory (Directory တစ်ခု တည်ဆောက်ခြင်း)
mkdir ebook => ebook အမည်ရှိ Directory တစ်ခု တည်ဆောက်ခြင်း

rmdir Command
rmdir => remove directory (Directory ပြန်ဖျက်ခြင်း)
rmdir ebook => ebook directory ကို ဖျက်ခြင်း (ebook directory ထဲမှာ File သို့ Directory/Folder ရှိနေလျှင် ebook directory ကို ဖျက်လို့ရမည် မဟုတ်ပါ)

rm Command => File ကို ဖျက်ခြင်း
rm hi.txt => hi.txt ဖိုင်ကို ဖျက်ခြင်း။

File, Folder တွေပါဝင်နေသော Directory တစ်ခုလုံးကို ဖျက်လိုပါက -r Option ကို သုံးနိုင်သည်။ (r => Recursive)

rm -r ebook = File, Folder တွေပါဝင်နေသော ebook Directory တစ်ခုလုံးကို ဖျက်ခြင်း။
Part 1 30 Jan 2020
Shiney J